မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာအနီး နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့များသည် ဖေဖော်ဝါရီ ၁၆ ရက် နေ့လည် ၁၁ နာရီခွဲခန့်က အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စခန်းအား ဖယ်ရှားနိုင်ခဲ့သည်။
ဖြစ်စဉ်အတွင်း အကြမ်းဖက်သမား ၁ လောင်း၊ လက်လုပ်ပြောင်းချောသေနတ် ၁ လက်၊ ၁၂ ဗိုကျည် ၆ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်း ၃ လုံး၊ စကားပြောစက် ၁ လုံး၊ ၁၂ ဗိုဘက်တ္ထရီ ၁ လုံး၊ ပြောက်ကျားယူနီဖောင်း ၁ စုံ၊ ဝါယာကြိုး ၁၀၀ ပေ၊ လိုင်စင်မဲ့ဆိုင်ကယ် ၁ စီး၊ လူနေတဲ ၅ လုံးတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။




