အုမ္မသီးတွင် TNLA ၄ လောင်း ၂ လက်ရရှိ

ဖေဖော်ဝါရီလ ၁၅ ရက်(ယနေ့) နေ့လည်ပိုင်းအချိန်တွင် နောင်ချို၊ အုမ္မသီးရွာအနီးအား ချဉ်းကပ်လာသည့် အကြမ်းဖက် TNLA အဖွဲ့အား ကင်းထောက်တွေ့ရှိသဖြင့် တပ်မတော်စစ်ကြောင်းမှ ချေမှုန်းသုတ်သင်ခဲ့ရာ ရန်သူဆုတ်ခွာ ထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -(၁) TNLA ၄ လောင်း။(၂) Type 81 ၂ လက်(၃) ကျည်အိမ် ၄ ခု(၄) အီနာဂါ ၃ လုံး (၅) ယူနီဖောင်း ၄ စုံ(၆) ကျည်ဆံ ၂၉၃ တောင့်(၇) RPG ဗုံးသီး ၃ လုံး(၈) ဦးထုတ် ၂ လုံး(၉) ကျောပိုးအိတ် ၃ လုံး (၁၀) ကျည်ကာ ၁ ထည်တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။-အကြမ်းဖက်သမားများအတွက် ပြေးစရာမြေမရှိစေရ။

Leave a Reply

Your email address will not be published. Required fields are marked *