USAID ရပ်ဆိုင်းမှုကြောင့် မြန်မာနိုင်ငံအပေါ်သက်ရောက်မှု အပိုင်း(၂)

ဒုတိယအထောက်အထားကတော့ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၉ ရက်နေ့ ဘူးသီးတောင်မြို့နယ်၊ ဖုန်ညိုလိပ်ကျေးရွာအနီး AA အကြမ်းဖက်သောင်းကျန်းသူ ယာယီလေ့ကျင့်ရေးစခန်းနေရာမှ USAID တံဆိပ်ပါ ဆန်အိတ် ၁၅ အိတ်၊ ဆီ ၃၈ ဘူး သိမ်းဆည်းရမိခဲ့ပါတယ်…

တတိယအထောက်အထားကတော့ ၂၀၂၀ ပြည့်နှစ်၊ မေလ ၆ ရက်နေ့က မောင်တောမြို့နယ်၊ ခမောင်း ဆိပ်ကျေးရွာအနီး အကြမ်းဖက် AA သောင်းကျန်းသူစခန်းတစ်ခုကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းပိုက် ရရှိချိန်မှာ USAID တံဆိပ်နှင့် World Food Programme (WFP) တံဆိပ်ပါ စားနပ်ရိက္ခာ ထုပ်များ သိမ်း ဆည်းရမိခဲ့ပါတယ်…

အဲ့ဒီအထောက်အထားတွေဟာ ဒေါ်နယ်ထရမ့်ပြောသလို သူတို့ထောက်ပံ့မှုတွေဟာ နေရာမှန်ကို မရောက်ရှိဘဲ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းတွေဆီကို ရောက်ရှိသွားပြီး သက်ဆိုင်ရာနိုင်ငံတွေ ရဲ့ တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး အပြစ်မဲ့ပြည်သူတွေကို ပိုမိုဒုက္ခပေးနေတဲ့ ထောက်ပံ့မှုတွေဖြစ်တယ် ဆိုတဲ့ ထင်ရှားတဲ့ သာဓကတွေဖြစ်ပါတယ်…

DOGE အဖွဲ့ရဲ့ စိစစ်တွေ့ရှိချက်အရ USAID က တစ်နှစ်ကို လူသားချင်းစာနာထောက်ထားမှုအကူအညီ အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံခန့် သုံးစွဲသော်လည်း အကူအညီလိုအပ်သူတွေထံ ၁၂ ရာခိုင်နှုန်းခန့်သာ ရောက်ရှိကြောင်း သိရှိရပါတယ်…

မြန်မာနိုင်ငံမှာလည်း USAID ကနေတစ်ဆင့် လူသားချင်းစာနာထောက်ပံ့ပေးမှုတွေဟာ ဒီမိုကရေစီ အမည်ခံ အစိုးရဆန့်ကျင်ရေးလှုပ်ရှားသူများ၊ နာမည်အမျိုးမျိုးဖြင့် သတင်းမီဒီယာအမည်ခံ လုပ်စားသူများ လက်ထဲကိုသာ အများစုရောက်ရှိနေပါတယ်…လတ်တလောမှာလည်း အမေရိကန်ရဲ့ ထောက်ပံ့ကူညီမှုတွေကို ဖြတ်စားလာဘ်စားလုပ်ပြီး အချင်းချင်း အဝေမတည့်လို့ ပြည်ပြေး NUG အဖွဲ့တွေ အကွဲအပြဲတွေ ဖြစ်နေတာလည်း မြင်တွေ့ကြားသိကြရမှာ ဖြစ်ပါတယ်…

ဒါ့ကြောင့် ယခုကဲ့သို့ USAID ရဲ့ ထောက်ပံ့ကူညီမှုများ ရပ်ဆိုင်းခြင်းဟာ အမေရိကန်အစိုးရရဲ့ လေလွင့် နေတဲ့ ဘက်ဂျက်တွေကို မပြုန်းတီးအောင် ထိန်းသိမ်းနိုင်သလို မြန်မာနိုင်ငံလို နိုင်ငံငယ်လေးတွေ အတွက်တော့ လူသားချင်းစာနာမှုခေါင်းစဉ်နဲ့ အစိုးရဆန့်ကျင်ရေးလုပ်စားနေတဲ့ အကြမ်းဖက်အားပေးအဖွဲ့များရဲ့ ဘဏ္ဍာငွေကြေးထောက်ပံ့မှုလမ်းကြောင်းကိုတော့ ထိခိုက်သွားမှာဖြစ်ပါတယ်…

ခင်ညိုချော

Leave a Reply

Your email address will not be published. Required fields are marked *