ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၅ နာရီခန့်က အကြမ်းဖက်သမား ၂ ဉီးက ပခုက္ကူ၊ ဘုံကန်ကျေးရွာအနီး ကျေးရွာများကို ဆက်ကြေးနှင့် လူငယ်များအား လိုက်လံကောက်ခံနေကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုအရ လုံခြုံရေးအဖွဲ့ များက ဘုန်းကံရွာနှင့် မီးသွေးကံရွာသွား ကားလမ်းအနီး စောင့်ဆိုင်းစဉ် ဘုန်းကံရွာဘက်သို့ မောင်းနှင် လာသည့် ဆိုင်ကယ် ၁ စီးအား စစ်ဆေးရန် ရပ်တန့်ခိုင်းရာ အတင်းမောင်းနှင် ထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့။ ဖြစ်စဉ်တွင် –
(၁) အကြမ်းဖက် PDF ၂ လောင်း
(၂) ပစ္စတိုသေနတ် ၁ လက်
(၃) ကျည်အိမ် ၁ ခု
(၄) ၉ မမကျည် ၁၀ တောင့်
(၅) ဆိုင်ကယ် ၁ စီး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
PDF အလောင်း လက်နက်များ သိမ်းဆည်းရရှိ
