ဖေ ၁၂ ရက် နေ့လည် ၁၂ နာရီခန့်တွင် ဆိပ်ခွန်ရွာသားတစ်ဦးသည် ရွှေဘိုမြို့လုံခြုံရေးအဖွဲ့အား “အကြမ်းဖက် PDF အဖွဲ့သည် Surf ကားဖြင့် ဆိပ်ခွန်လမ်းမှတစ်ဆင့် မဲတောဘက်မှာ ဆက်ကြေး သွားကောက်ရန် လာဖို့ရှိကြောင်း” သတင်းပေးပို့ခဲ့ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတင်းရလျှင်ရချင်း လမ်းကြောင်းမှာ သွားရောက်စောင့်ဆိုင်းနေစဉ် နေ့လည် ၁ နာရီခွဲခန့် ဆိပ်ခွန်လမ်းအတိုင်း မောင်းနှင်လာသည့် ခဲရောင် Surf ကားတစ်စီးအား စစ်ဆေးရန် တာဆီးရာ မောင်းနှင်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး ဖြစ်စဉ်တွင် –
(၁) အကြမ်းဖက် PDF ၄ လောင်း (၃၀ နှစ် – ၃၅ နှစ်ကြား)
(၂) MA-3 သေနတ် ၃ လက်
(၃) ကျည်အိမ် ၃ ခု၊ ကျည် ၃၇ တောင့်
(၄) TNLA ယူနီဖောင်း ၄ စုံ
(၅) Surf ကား ၁ စီး တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
အဆိုပါဖြစ်စဉ်သည် ပြည်သူနှင့် တပ်မတော်တို့ ပူးပေါင်းပြီး နယ်မြေတည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေး အတွက် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် ပြယုဂ်တစ်ခုဖြစ်ပါတယ်။
သတင်းပေးပြည်သူများကိုလည်း မိမိတို့အနေဖြင့် လျှို့ဝှက်ထားပြီး ဆုငွေများချီးမြှင့်ပေးလျက်ရှိသလို သတင်းပေးသူ၏ရွာကိုလည်း လုံခြုံရေးများ ချထားဆောင်ရွက်ပေးလျက်ရှိပါတယ်။
ထို့ကြောင့် ဒေသခံများအနေဖြင့် ပြည်သူ့လုံခြုံရေးစနစ်အရ ရန်သူ့လှုပ်ရှားမှုသတင်းများကို လျှို့ဝှက်စွာ ပေးပို့ခြင်းဖြင့် မိမိတို့ ရပ်ရွာအေးချမ်းသာယာရေး၊ လုံခြုံရေးအတွက် ယခုဖြစ်စဉ်ကဲ့သို့ ပူးပေါင်းဆောင်ရွက် ပေးကြဖို့ တိုက်တွန်းလိုပါတယ်။





