မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့မှာ အဒေါ်ဖြစ်သူက တံမြက်စည်းနဲ့ ရိုက်နှက်ခဲ့တဲ့အတွက် အသက် (၉) နှစ်အရွယ်ခန့်ရှိတဲ့ မိန်းကလေးငယ်တစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
အဆိုပါဖြစ်စဉ်ဟာ သံဖြူဇရပ်မြို့နယ်၊ ဟံသာဝတီရပ်ကွက်၊ ရှမ်းဘုရားအနီးမှာရှိတဲ့ နေအိမ်တစ်အိမ်မှာ ဖေဖော်ဝါရီ ၆ ရက်၊ ညပိုင်းက ဖြစ်ပွားခဲ့တာပါ။
ဒေသခံလူမှုကူညီရေးအသင်းတွေရဲ့ ဖော်ပြချက်အရ အဒေါ်ဖြစ်သူအမျိုးသမီးဟာ တူမဖြစ်တဲ့ သေဆုံးသူ မိန်းကလေးငယ်ရဲ့နေအိမ်မှာ အဆိုပါမိန်းကလေးငယ်ရဲ့မိဘတွေမရှိခိုက် တံမြက်စည်းတုတ်နဲ့ အကြိမ်ကြိမ်ရိုက်နှက်ခဲ့တဲ့အတွက် ပြင်ပဒဏ်ရာတွေအပြင် အတွင်းကြေဒဏ်ရာတွေရရှိပြီး သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ သေဆုံးသူမိန်းကလေးငယ်ရဲ့ရုပ်အလောင်းကို စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်းက ဒီကနေ့ ဖေဖော်ဝါရီ ၆ရက် မနက်ပိုင်းမှာ သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့တယ်လို့ သိရပြီး ရိုက်နှက်ခဲ့တဲ့ အဒေါ်ဖြစ်သူကိုလည်း သက်ဆိုင်ရာနယ်မြေရဲစခန်းက ဖမ်းဆီးသွားပြီလို့ သိရပါတယ်။
𝙈𝙃𝙏𝙉𝙀𝙒𝙎