ဒီနှစ် အကယ်ဒမီဆန်ကာတင်ဇာတ်ကားထဲမှာ ပါဝင်နေတဲ့ ပြည်ပရောက် ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်သူ ဥက္ကာမင်းမောင်က သူ့ကိုယ်စား မိခင်ဖြစ်သူ အကယ်ဒမီပွဲတက်မယ်ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားပါတယ်။
❝အကယ်ဒမီဖိတ်စာရပါပြီခင်ဗျာ.. မေကြီးက ကျွန်တော့်ကိုယ်စားပွဲတက်ပါလိမ့်မယ်.. ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများကိုလဲ ဖိတ်စာစီစဥ်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ..❞ ဆိုပြီး ရေးသားထားသလို
❝မေကြီးက Gay တစ်ယောက်ရဲ့ မိခင်အနေနဲ့ LGBT ကိုယ်စားပြု မြန်မာ ဝတ်စုံကို ဝတ်ဆင်ပြီး ပွဲတက်မှာပါ..
ဒီဇိုင်း နဲ့ အိုင်ဒီယာက ကျွန်တော်ကိုယ်တိုင်မေကြီးအတွက်ဒီဇိုင်းဆွဲပြီး ဒီဇိုင်နာ မစုစုခိုင်ရဲ့ ကိုယ်ပိုင် အိုင်ဒီယာနဲ့ပေါင်းစပ်ပြီး ဖန်တီးထားတာ..❞ လိုလည်း ရေးသားထားပါတယ်။