မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ်အဖြစ် အသက် ၅၆ နှစ်အရွယ် ထိုင်းလူမျိုးကို ခန့်အပ်

ယခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် ပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ်အဖြစ် ထိုင်းနည်းပြ Pattaya Piemkum အား ဖေဖော်ဝါရီလ ၄ ရက်က တရားဝင်ခန့်အပ်ခဲ့သည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

နည်းပြချုပ်ဖြစ်လာသည့် အသက် ၅၆ နှစ်အရွယ် မစ္စတာ Pattaya Piemkum သည် ထိုင်းလက်ရွေးစင် ဖူဆယ်ကစားသမားဟောင်း တစ်ဦးဖြစ်ပြီး AFC Futsal Level 3 နည်းပြတစ်ဦးဖြစ်သလို ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ စသည့် လက်ရွေးစင် အသင်းများနှင့် ထိုင်း ဖူဆယ် ကလပ်အသင်းများကို ကိုင်တွယ်ထားသည့် နည်းပြတစ်ဦးဖြစ်ကြောင်း MFF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ နည်းပြချုပ် Pattaya Piemkum အနေဖြင့် မြန်မာ့ လက်ရွေးစင် ဖူဆယ်အသင်းကို ၂၀၂၅ ဆီးဂိမ်းစ်နှင့် အာဆီယံ ဖူဆယ်ချန်ပီယံရှစ်၊ AFC အာရှဖလား ဖူဆယ်ခြေစစ်ပွဲများတွင် အောင်မြင်မှု ရရှိရေးအတွက် တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

crd//𝙈𝙃𝙏𝙉𝙀𝙒𝙎

Leave a Reply

Your email address will not be published. Required fields are marked *