မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့ ၊ မိုးနိုင်းရပ်ကွက်နှင့် ဥတ္တံတားကျေးရွာအကြား ရန်ကုန် – မော်လမြိုင် ကားလမ်းမကြီးရှိ ချောင်းကူးတံတားအား ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၉နာရီ ၃၀ မိနစ်အချိန်ဝန်းကျင်ခန့်ကမိုင်းထောင်ဖောက်ခွဲရန် လက်လုပ်မိုင်း ၁၀ လုံးခန့် ဝါယာကြိုးများဖြင့် ချိတ်ဆက်ထောင်ထားကြောင်းသိရှိရ၍ တာဝန်ရှိ လုံခြုံရေးအဖွဲ့မှသွားရောက်ရှင်းလင်းခဲ့ကြောင်းသိရပါတယ်။


