ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ အာရခန်ဂလစ်မြို၌ ဆောင်ရွက်သော လုံခြုံစိတ်ချရသော အာတိတ်ဒေသလေ့ကျင့်ခန်းအစီအစဉ် ၂၀၂၅ ပြုလုပ်မည့်နေရာသို ရောက်ရှိကာ ရေခဲပြင်ရှာဖွေကယ် ဆယ်ရေးသုံး ခေတ်မီယာဉ်ယန္တရားများ အသုံးပြုကူညီကယ်ဆယ်မှု၊ ရေခဲပြင်ပေါ်၌ သဘာဝဘေး အန္တရာယ် ကြုံတွေ့ရသူများ ယာယီနားခိုရန်နှင့် စောင့်ရှောက်မှုပေးရန် ဆောင်ရွက်ထားရှိမှုများကို လေ့လာကြည့်ရှုပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့တယ်လို့ သိရပြီး အဆိုပါလေ့ကျင့်ခန်းသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အီရန်နိုင်ငံ၊ ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ သဘာဝဘေးနှင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရ။ #crd
ဒေါက်တာစိုးဝင်း အာတိတ်ဒေသ လေ့ကျင့်ခန်းအစီအစဉ် ၂၀၂၅ သို့ တက်ရောက်
