ကတိုင်တိတိုက်ပွဲသတင်းအဆက်

ဇန်နဝါရီလ ၂၈ ရက်(မနေ့)က ကရင်ပြည်နယ် ဖာပွန်မြို့နယ်နှင့် ကမမောင်းကြားရှိ ကတိုင်တိစခန်းအနီး လုံခြုံရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် သောင်းကျန်းသူများ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ထိခိုက်ကျဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်။

ယနေ့(ဇန် ၂၉ ) ရက် နံနက်မှာတော့ ကတိုင်တိစခန်းဝန်းကျင်တစ်ဝိုက် နယ်မြေရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးရင်းကျန်ခဲ့သည့်–

M4A1 ၁ လက်-၎င်းကျည်အိမ် ၃ ခု-၅.၅၆ မမကျည် ၃၀ တောင့်-အီနာဂါ ၁ လုံး-ကျည်ကာဦးထုပ် ၁ လုံး-အိုင်ကွန် ၂ လုံး(မကောင်း)-တရုတ်စက်လက်ကျည်ခါးပတ်တွဲနှင့် ကျည် ၂၂ တောင့်-သွေးထိန်းခါးပတ် ၁ ခု ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *