ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းအစပ်ရှိ ဂွမြို့နယ်၊ ဗေဒါစခန်းအနီးတစ်ဝိုက် လခရဆောင်ရွက် လျက်ရှိစဉ် ရန်သူအင်အား ၃၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်း ဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်အတွင်းမှ-
အကြမ်းဖက် ၁ လောင်း
၄၀ မမ ၁ လက်
အိုင်ကွန် ၂ လုံး သိမ်းဆည်းရမိခဲ့။
ဆက်လက်၍ နယ်မြေရှင်းလင်းစဉ် မြရာပင်ဘုန်းကြီးကျောင်းအနီးသို့အရောက် မိုင်းကွဲသံကြား သဖြင့် သွားရောက်ရှင်းလင်းရာ AA သကသ အင်အား ၃၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ သောင်းကျန်းသူများ မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့။
ဖြစ်စဉ်တွင် ရန်သူ့ လက်နက် ၃ လက် သိမ်းဆည်းရမိခဲ့ပြီး မိမိစစ်သည် ၂ ဦးမစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။