ဇန်နဝါရီလ ၂၃ ရက် မွန်းလွဲ ၃ နာရီချိန်ခန့်က နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသတွင် အကြမ်းဖက် TNLA/PDF ၄၀ ဦးခန့် ခိုအောင်းနေသည့် ထုံးဖိုကုန်းအား တပ်မတော်မှ သိမ်းပိုက်ရရှိခဲ့ပါသည်။
ရန်သူသည် အဆိုပါကုန်းတွင် အခြေပြု၍ ဒေသခံဓနုလူမျိုးများအား ဆက်ကြေးကောက်ခြင်း၊ ဖမ်းဆီးနှိပ်စက်၍ လူသစ်စု ခြင်း၊ ရွာများအား နှောင့်ယှက်ပစ်ခတ်၍ ဓားပြတိုက်ခြင်းများကို လုပ်ဆောင်နေပြီး အဆိုပါနေရာအား ကင်းထောက်တွေ့ရှိ၍ ဝင်ရောက်ရှင်းလင်းခြင်း ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်ခန့်ကြာမြင့်ပြီး ရန်သူမှာ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –
(၁) TNLA အလောင်း ၃ လောင်း (ထပ်မံရှာဖွေနေဆဲ)
(၂) လက်နက်မျိုးစုံ ၄ လက်
(၃) ခဲယမ်း/ဗုံးသီးများ (ရေတွက်နေဆဲ)
(၅) မြေစိုက်(သဲအိတ်)ဘန်ကာ ၈ လုံး
(၆) ပစ်ကျင်း ၂၁ ကျင်း
(၇) မိုးကာဖျင်တဲ ၂၆ လုံး/ အသုံးအဆောင်ပစ္စည်းများ အား သိမ်းဆည်းရရှိခဲ့ပါသည်။ လိုင်းအခက်အခဲကြောင့် ကျန်ရှိပုံများအား ထပ်မံဖော်ပြပေးပါမည်။



