ထိုင်းတွင် ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲ ယနေ့စတင်

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက် နောက်ပိုင်းကစလို စစ်ရေး ၊ နိုင်ငံရေးအပါအဝင် အထွေထွေအကြပ်အတည်းပေါင်းစုံနှင့် ရင်ဆိုင်နေရသည့် မြန်မာ့အရေး အဖြေရှာဖို ဆွေးနွေးကြမယ့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို ဒီကနေ့ ဒီဇင်ဘာ (၁၉) ရက် နံနက်ပိုင်းမှာ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြိုမှာ စတင်နေပါတယ်။

ဒီဆွေးနွေးပွဲကို လတ်တလော အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ လာအိုနဲ့ အိမ်ရှင် ထိုင်းနိုင်ငံက ကမကထလုပ် စီစဉ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်မှာဖြစ်ပါတယ်။

ဒီဇင်ဘာ (၁၉) ရက်နဲ့ (၂၀) ရက် (၂) ရက်တာ ကျင်းပမယ့် အဲဒီမြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို တရုတ်နိုင်ငံခြားရေးဒုဝန်ကြီး စွန်းဝေတုန်လည်း တက်ရောက်မယ့်အပြင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ဆွေးနွေးမယ်လိုလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *