ထွန်းမြတ်နိုင်ရဲ့လုပ်ရပ်က ရခိုင်ပြည်သူတွေအပေါ်ပိုမိုဒုက္ခကြုံတွေ့စေနိုင်

မနေ့က ဂွမြို့နယ်အတွင်း နယ်မြေရှင်းလင်းရင်း အလယ်ရွာအနီးသို့အရောက် နေရာ ၂ နေရာမှ ရန်သူအင်အား ၇၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်လို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ ရန်သူ့အလောင်း ၇ လောင်း၊ လက်နက် ၄ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၂၅၀ တောင့်၊ အာပီဂျီ ၃ လုံး၊ အီနာဂါဗုံးသီး ၂ လုံး၊ လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်း ရမိခဲ့ပါတယ်။

ဆိုချင်တာကတော့ သူပုန်ဆိုတာ အမြဲအသာစီးရနေတာတော့ မဟုတ်ဘူး။ လူမျိုးရေးမှိုင်းမိနေပြီး အကြောက်တရားနဲ့ ဖိနှိပ်ထားလို့သာ ဒီလိုတွေဖြစ်နေတာ။ လူမျိုးရေးဝါဒနဲ့ ရေရှည်ရပ်တည်လို့ ရသလားဆိုရင် KNU တွေနဲ့ ကရင်လူမျိုးတွေကို မေးကြည့်လို့ရပါတယ်။

နိုင်ငံနဲ့တပ်မတော်ကိုချစ်မြတ်နိုးတဲ့စိတ်နဲ့ တပ်မတော်သားတွေ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေကြတယ်။ တစ်ဖက်ကလည်း လူမျိုးရေးအစွန်းရောက် အကြမ်းဖက်ဝါဒီအကြောက်တရားနဲ့ လုပ်ဆောင်နေတဲ့ AA ကြောင့် ရခိုင်အမျိုးသားထု တော်တော်များများ စစ်ပွဲမှာ ပြုန်းတီးသွားကြပြီ။

ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံသားအချင်းချင်းဖြစ်ကြလို့ နိုင်ငံတော်အတွက် နစ်နာတာချည်းပါပဲ။ လက်ရှိကာလမှာ ရောင်စုံသောင်းကျန်းသူကို တိုက်ခိုက်ချေမှုန်းနေရတဲ့ကာလပါ။ တပ်မတော်အနေနဲ့ကလည်း စစ်သားပီပီ ဂုဏ်သိက္ခာရှိရှိနဲ့ ဆက်လက်တိုက်ပွဲဝင်နေတဲ့သက်သေတွေက တောင်ခမ်း၊ ဗန်းမော်၊ ဆီဆိုင်၊ လွိုင်ကော်၊ မြဝတီ အစရှိတဲ့ တိုက်ပွဲတွေကသက်သေတွေပါပဲ။ တိုက်ပွဲတစ်ခုဖြစ်လာရင်တော့ နှစ်ဖက်အထိအခိုက်ရှိမယ်။ နယ်မြေတွေခေတ္တဆုတ်ခွာပေးရမယ်။ ပြီးရင် စစ်နည်းဗျူဟာမြောက် ပြန်လည်တိုက်ယူမယ်။ ဒါ.. ဗျူဟာပဲ။

တပ်မတော်သားတွေ ရဲရင့်ခဲ့ကြတယ်။ သစ္စာရှိခဲ့ကြတယ်။ ခေတ်သစ်စစ်ပွဲရဲ့ အဖက်ဖက်က ထိုးနှက်တိုက်ခိုက် မှုတွေကြားမှာ ဒီအခြေအနေအထိ နိုင်ငံတစ်ခုကိုထိန်းသိမ်းထားနိုင်ခဲ့တာ တပ်မတော်သားတွေနဲ့ ကာကွယ်ရေးအင်အားတွေရဲ့ မွန်မြတ်တဲ့စိတ်ဓာတ်နဲ့ ရဲရင့်တဲ့သတ္တိတွေကြောင့်ဆိုတာ မမှားနိုင်ပါဘူး။

အမိမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲဖို့နဲ့ ပဲ့မထွက်သွားစေဖို့အတွက် တပ်မတော်သားတွေ စိတ်ဓာတ်ရှိရှိနဲ့ ဆက်လက်တိုက်ပွဲဝင်ထိန်းသိမ်းသွားမယ်ဆိုတာ ကြီးမားတဲ့သမိုင်းအစဉ်အလာတွေနဲ့ ပြန်လည်ယှဉ်ထိုးသုံးသပ်ရင်း လေးစားဂုဏ်ယူစွာနဲ့ လက်တင်အလေးပြုအပ်ပါတယ်။ တရားသောစစ် ….. အောင်ရမည်။

ပုံတွေကတော့ ဒုက္ခရောက်နေတဲ့ ရခိုင်လူမျိုး စစ်ရှောင်တွေရဲ့ပုံပါ။

Leave a Reply

Your email address will not be published. Required fields are marked *