လယ်ကွင်းအတွင်းသို့ တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးချ၍ ပြည်သူများ ထိခိုက်သေဆုံးခဲ့သည်မှာ သတင်းအမှား

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ကျောက်ထုမြို့အနီးတွင် ဒေသခံတောင်သူများ စပါး ခြွေနေသည့်လယ်ကွင်းထဲသို့ ဒီဇင်ဘာ ၁၀ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဒရုန်းဖြင့် ဗုံးချခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ ၎င်းသတင်းမှာ မှန်ကန်မှုမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံတောင်သူများ စပါးခြွေ နေသည့် လယ်ကွင်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးချခြင်းမရှိကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် မြေပြင်ဖြစ်စဉ်များနှင့် ကွဲလွဲနေသည့် သတင်းတု၊ သတင်းအမှားများဖြင့် လုပ်ကြံရေးသားဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *