နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြတဲ့ ရှေ့တန်းမှစစ်သည်များအတွက် ဂုဏ်ပြုအားပေးကဗျာလေးတစ်ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်..။ ကြောက်ရင်လွဲ ရဲရင် မင်းဖြစ်ဆိုတဲ့ စကားလေးကိုလည်း သတိရကြပါ..။
ရဲစိတ် မရှိရင်
ဖွဲအိတ် ပိပြီးလည်း
ကြေတက်တယ်….။
အောင်စိတ် မရှိရင်
ချောင်ပိတ် မိပြီးလည်း
သေတက်တယ်…။
ရဲစိတ် ရှိရင်
ခဲအိတ် အပြည့်လည်း
ထမ်းနိုင်တယ်…။
အောင်စိတ် ရှိရင်
တောင်ထိပ် အထိလည်း
လှမ်းနိုင်တယ်…။
ရဲစိတ် ကိုဆောင်
အောင်စိတ် ကိုထား…
ရန်သူကို အလံဖြူမပြမှ
မြန်မာ့ စစ်သား…။
နန်းနတ်နေနွယ်နိုင် #crd