တောင်ကိုးရီးယား သမ္မတက စစ်အုပ်ချုပ်ရေး ကြေငြာ

တောင်ကိုးရီးယား သမ္မတက မြောက်ကိုးရီးယားရဲ့ ပြည်ပအန္တရာယ်ကနေ ကာကွယ်ဖို့ဆိုပြီး အရေးပေါ်အခြေအနေ စစ်အုပ်ချုပ်ရေးကြေငြာလိုက်ပါတယ်၊ သမ္မတဦးဆောင်တဲ့ ပြည်သူ့အာဏာပါတီရဲ့ ဘတ်ဂျက် စာရင်းကို အတိုက်အခံ ဒီမိုကရက်ပါတီက လွှတ်တော်ထဲမှာ လက်မခံဘဲ ကန့်ကွက်နေတာကြောင်း အခက်အခဲဖြစ်နေချိန်မှာ အခုလိုကြေငြာတာဖြစ်လို့ အတိုက်အခံဘက်က ကန့်ကွက်မယ်လို့ဆိုပါတယ်။ အရေးပေါ်အခြေအနေဆိုရင် ဘတ်ဂျက်ကိုလွှတ်တော်တင်ပြီး အတည်ပြုစရာမလိုတော့အောင် ထွက်ပေါက်ရှာတာမျိုး မဖြစ်အောင် အတိုက်အခံဘက်က စစ်အုပ်ချုပ်ရေးကိုပါဆက်ကန့်ကွက်ဖို့ ပြင်နေပါတယ်။

မြန်မာနိုင်ငံမှာနိုင်ငံရေး အစိုးရလက်ထက်က အခုလိုမျိုး ဘတ်ဂျက်အတည်ပြုဖို့နှင့် ပြည်နယ်ဝန်ကြီးခန့်ဖို့ကို ဦးနုတင်တာလွှတ်တော်ကအတည်မပြုပေးလို့ အတိုက်အခံနှင့်မညှိဘဲ အခြေခံဥပဒေကိုချိုးဖောက်ပြီး ဦးနုက သမ္မတရဲ့ တစ်ချက်လွှတ်အမိန့်နှင့် ဘတ်ဂျက်ပြဋ္ဌာန်းဖို့ သမ္မတမန်းဝင်းမောင်ကို ညွှန်ကြားတာမျိုးရှိခဲ့တဲ့အတွက် နိုင်ငံရေးပဋိပက္ခဖြစ်ခဲ့တာမျိုးရှိခဲ့ပါတယ်၊ တောင်ကိုးရီးယားရဲ့ နိုင်ငံရေး အကြပ်အတည်းကိုလည်း ဘယ်လိုဖြစ်လာမလဲ စောင့်ကြည့်ရပါလိမ့်မယ်။

Crd

Leave a Reply

Your email address will not be published. Required fields are marked *