ထိုင်းနိုင်ငံထုတ် စားသုံးဆီပုံးများတင်ဆောင်လာသည့် ၁၂ ဘီးယာဉ်တစ်စီး လမ်းချော်ကာ ချောက်ထဲပြုတ်ကျသည့်ဖြစ်စဥ်တစ်ခု ယမန်နေ့ ဒီဇင်ဘာ ၁ ရက် နံနက် ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်သည် ကော့ကရိတ်- မြဝတီ လမ်းဟောင်း အောက်ဗိုလ်တဲအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေ ၁၅၀ အနက်အထိ ကျသွားခဲ့သော်လည်း ယာဉ်မောင်းဖြစ်သူမှာ ဒဏ်ရာအနည်းငယ်သာရရှိခဲ့သည်ဟု သိရသည်။
အဆိုပါ ၁၂ ဘီးယာဥ်မောင်းဖြစ်သူကို ဒေသခံကယ်ဆယ်ရေးအဖွဲ့မှ ကယ်ဆယ်ခဲ့သလို ခြုံနွယ်သစ်ပင်များပေါ်တင်နေသော ၁၂ ဘီးယာဉ်ကိုလည်း ပြန်လည်ဆယ်ယူနိုင်ခဲ့သည်ဟု သိရပြီး ထိုင်းနိုင်ငံထုတ်စားသုံးဆီများကို နစက မှ အရေးကြီးကန့်သတ်ကုန်အဖြစ်သတ်မှာကာ တင်းသွင်းခွင့်ပိတ်ထားသည်ဟု သိရသည်။
𝙈𝙃𝙏𝙉𝙀𝙒𝙎