KNDF အကြမ်းဖက်များပစ်ခတ်မှုကြောင့် ဘုန်ကြီး ၁ ပါး ပျံလွန်တော်မူခဲ့ပြီး ၂ ပါးဒဏ်ရာရ

လွိုင်လင်လေးမြို့နယ်ရှိ ထီးစဲခါးကျောင်းတိုက်ဆရာတော်အား အကြမ်းဖက် KNDF/PDF များမှ ရက်ရက်စက်စက် သတ်ဖြတ်လိုက်ကြောင်း သိရှိရပါသည်။

30-11-2024 ရက်နေ့ (ယနေ့) လွိုင်လင်လေးမြို့နယ်ရှိ ထီးစဲခါးကျောင်းတိုက်ဆရာတော်သည် စေတီတော်တည်ရန်အတွက် မန္တလေးသို့ လိုအပ်သောပစ္စည်းများဝယ်ရန် ထီးစဲခါးကျောင်းတိုက်ပိုင် မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် အောင်ကလပ်ကျေးရွာအနီးသို့အရောက် အသင့်စောင့်ဆိုင်းနေသော အကြမ်းဖက် KNDF/PDF များမှ လက်နက်ငယ်များနှင့် ဝိုင်းဝန်းပစ်ခတ်သည့်အတွက် ကားပေါ်တွင်ပါရှိတဲ့ ထီးစဲခါးကျောင်းတိုက်မှ ဆရာတော်တစ်ပါးပျံလွန်တော်မူပြီး အခြား ဆရာတော် ၂ ပါးလည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *