ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၃၀/၁၁/၂၀၂၄ ရက် ညပိုင်း ၉ နာရီ အချိန်အထိ)

(အမ်းမြို့)

နံနက်ပိုင်း ၉ နာရီခွဲခန့်က AA သောင်းကျန်းသူများမှ စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်း ကာကင်းများနှင့် အတွင်းနေရာများသို့ လာရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ခိုက်ရေးဗုံးကြဲလေယာဉ်/တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် အကြိမ် ၂၀ ခန့် ပစ်ကူပေးဗုံးကြဲတိုက်ခိုက်ခြင်းဖြင့်လည်းကောင်း၊ အမြောက်/ဒုံး/ဒရုန်းများဖြင့် လည်းကောင်း အပြင်းအထန်ချေမှုန်းတိုက်ခိုက်ခဲ့ရာ ညနေပိုင်းအချိန်ထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း၊ နံနက် ၈ နာရီအချိန်ခန့်က မှတ်တမ်းရုံးအနီး ကာကင်းများအား AA သောင်းကျန်းသူများမှ ထပ်မံတိုက်ခိုက်ခဲ့ရာ လေကြောင်း/ လက်နက်ကြီး/ Drone ပစ်ကူများရယူ၍ အပြင်းအထန်တိုက်ခိုက်ချေမှုန်းခဲ့သဖြင့် ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ရန်သူအား ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်းနှင့် အမ်းမြို့အနောက်ဘက်တွင် သောင်းကျန်းသူတိုက်စစ်နောက်ပိုင်း နေရာများအား ရှင်းလင်းတိုက်ခိုက်ပြီး တိုင်းရုံးသို့စစ်ကူပေးနိုင်ရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းများအထဲမှ တစ်ဖွဲ့မှာ ယနေ့နံနက်ပိုင်းက တိုင်းရုံးသို့ ပူးပေါင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

(တောင်ကုတ်)
နံနက်ပိုင်း ၉ နာရီအချိန်ခန့်က စကခ ၅ အနောာက်မြောက်ဘက်ရှိ အထက ၃ နေရာနှင့် ကာကင်းနေရာအား AA သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ (၂)နာရီခန့်ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြောင်းနှင့် နေ့လည် ၁ နာရီခွဲအချိန်ခန့်က ၃၄၆ တပ်အရှေ့တောင်ဘက် ဖုံညိုတံတားအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းများအား AA သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် သောင်းကျန်းသူများအား တိုက်ခိုက်ရေးလေယာဉ်များ/ လက်နက်ကြီး/ drone ပစ်ကူများရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီအချိန်ခန့်တွင် သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။

(မောင်တော)
မောင်တောဒေသ၌ စစ်ရေးရှုံးနိမ့်မှုများဖြစ်ပေါ်နေသည့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အနေဖြင့် ယနေ့၌ အနီးကပ်လာရောက်တိုက်ခိုက်ခဲ့ခြင်း မရှိခဲ့သော်လည်း နံနက် ၁၀ နာရီခွဲအချိန်ခန့်က အဝေးမှနေ၍ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့သောကြောင့် ၎င်းတို့ပစ်ခတ်သည့်နေရာအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ချေမှုန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

MinChitOo

Leave a Reply

Your email address will not be published. Required fields are marked *