နိုဝင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းအချိန်တွင် ဖာပွန်မြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းနှင့် အကြမ်းဖက် KNLA တမဟ(၅) ရင်း (၁၀၂) မှ ၃၀ ဦးတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူဆုတ်ခွာသွားခဲ့ပြီး ဖြစ်စဉ်တွင် စစ်သည် ၂ ဦး ဒဏ်ရာရရှိခဲ့ရ ရန်သူ့ထံမှ –
(၁) KNLA အလောင်း -၂ လောင်း
(၂) သေနတ် -၂ လက်
- M-4 သေနတ် ၁ လက်
- M-22 သေနတ် ၁ လက်
(၃) ကျည်အိမ်မျိုးစုံ ၄ ခု၊ ကျည် ၉၀ တောင့် တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။