နိုဝင်ဘာ ၂၉ ရက် မွန်းလွဲအချိန်တွင် နယ်မြေရှင်းစစ်ကြောင်းသည် နောင်ချိုမြို့နယ်၊ အုမ္မသီးရွာ၏ မြောက်ဘက် မီတာ ၆၀၀ ခန့်အကွာတွင် အကြမ်းဖက် TNLA ၁၅ ဦးနှင့် ထိတွေ့မှုဖြစ်ပွားပြီး ရန်သူသည် မြောက်အရပ်သို့ ထွက်ပြေးသွားခဲ့ရာ ဖြစ်စဉ်အတွင်း မိမိဘက်မှ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာထွက်ပြေးသွားသည့် ရန်သူ့နောက်သို့ လိုက်လံရှင်းလင်းရာ ရန်သူ့ထံမှ –
(၁) TNLA အလောင်း ၁ လောင်း
(၂) ကျည်ကာ ဦးထုပ် ၁ လုံး
(၃) အီကွေ့မန့် ၁ စုံ
(၄) လက်ပစ်ဗုံး ၁ လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။