ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၂၉/၁၁/၂၀၂၄ ရက် ညပိုင်း ၉ နာရီ အချိန်အထိ)

(အမ်းမြို့)
မှတ်တမ်းရုံးကာကင်းနေရာအနီးမှ အထိအခိုက်သေဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသည့် AA သောင်းကျန်းသူများအား တပ်စစ်ကြောင်းများမှ လိုက်လံရှင်းလင်းခဲ့ရာ နံနက် ၁၁ နာရီခန့်မှ ယနေ့ညပိုင်းအထိ နှစ်ဖက်တိုက်ပွဲ ကြိုကြားကြိုကြား ဖြစ်ပွားလျက်ရှိပြီး တပ်စစ်ကြောင်းမှ လေကြောင်း/ လက်နက်ကြီး/ Drone ပစ်ကူများရယူ၍ အပြင်းအထန် တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း၊ တိုင်းရုံးအနောက်ဘက် မီတာ (၁၀၀၀)ကျော်အကွာ စနခ(၃၄၅)နှင့် အမြောက်တပ်အရှေ့ဘက် ဆင်တိုးရွာနှင့် ရွာအနီးစိုးမိုးကုန်းများတွင် ဖြန့်ခွဲလုံခြုံရေးယူနေသည့် နယ်မြေရှင်းလင်းရေး စစ်ကြောင်းအား သောင်းကျန်းသူများမှ နေ့လည် ၂ နာရီခွဲအချိန်ခန့်က လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သားများမှ လေကြောင်း/လက်နက်ကြီး/ Drone ပစ်ကူများရယူ၍ အပြင်းအထန်ပြန်လည်တိုက်ခိုက် ချေမှုန်းခဲ့သောကြောင့် (၁) နာရီခန့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်းနှင့် အမ်းမြို့အရှေ့ဘက်မှနေ၍ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းအနေဖြင့် နံနက်ပိုင်း ၇ နာရီအချိန်ခန့်က လေးအိမ်စုရွာအနီးရှိ AA သောင်းကျန်းသူများအား ရှင်းလင်းတိုက်ခိုက်ခဲ့ရာ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်းနှင့် နေ့လည် ၁ နာရီအချိန်ခန့်က ဆက်သွယ်ရေးတပ် ကာကင်းနေရာများအား AA သောင်းကျန်းသူများမှ လာရောက် တိုက်ခိုက်ခဲ့သောကြောင့် ၃ နာရီခွဲခန့်တိုက်ပွဲဖြစ်ပွားပြီး သောင်းကျန်းသူများအား ဆက်လက်၍ ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။

(တောင်ကုတ်)
နံနက်ပိုင်း ၇ နာရီအချိန်ခန့်က လက်နက်ကြီးကုန်း အရှေ့မြောက်ဘက်ရှိ ကာကင်းနေရာအား AA သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ (၃)နာရီခန့်ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်းနှင့် နံနက် ၇ နာရီခွဲအချိန်ခန့်က ၃၄၆ တပ်အရှေ့တောင်ဘက် ဖုံညိုတံတားအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းများအား AA သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် သောင်းကျန်းသူများအား လက်နက်ကြီး/drone ပစ်ကူများရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ နံနက် ၁၀ နာရီအချိန်ခန့်တွင် သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။

မောင်တော၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *