ရန်ကုန်တိုင်းဒေသကြီးတွင် ဖုန်းဖြင့်ဆက်သွယ်ကာ အယောင်ဆောင်ပြောဆို၍ ငွေကြေးများ အကြိမ်ကြိမ်လိမ်လည်ရယူခဲ့သူ တရားခံအမျိုးသား(၅)ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လူမှုကွန်ယက်စာမျက်နှာများတွင် ဖုန်းဖြင့်ဆက်သွယ်၍ ငွေကြေးလိမ်လည် တောင်း ခံမှုများ ဖြစ်ပွားနေကြောင်း ဒုစရိုက်မှုကို မလိုလားသည့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်များ၊ နည်းပညာဆိုင်ရာ အထောက်အကူပြုပစ္စည်းများမှ ရရှိသောအချက်အလက်များကိုအခြေခံကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ သက်ပိုင်(ခ)သက်ခိုင်(ခ) ဇော်သက်ပိုင် (၂၃)နှစ်၊ စိုးရာဇာဟိန်း(ခ)အောင်ထိုက်(ခ) လင်းမြတ်စံ(ခ)ကိုလင်း(၃၆)နှစ်၊ ဘိုဘိုထွန်း (၂၀)နှစ်၊ အောင်ဇာနည်ဖြိုး(၂၀)နှစ်၊ စိုးသီဟ(ခ)ဖြိုးသီဟဇော် (၃၂)နှစ်တို့(၅)ဦးအား လက်ကိုင်ဖုန်းမျိုးစုံ ၆ လုံး၊ နှင်းမောင်မောင်လွင် ၁၂/ထတပ (နိုင်) ၁၄၃၀၆၆၊ အောင်ထိုက် ၁၄/မမက(နိုင်)၃၄၄၆၁၈၊ ဘိုဘိုထွန်း ၇/နတလ(နိုင်)၁၆၉၇၉၈၊ အောင်ဇာနည်ဖြိုး ၁၂/ထတပ(နိုင်) ၁၆၈၅၇၈ နှင့် စိုးသီဟ ၁၂/သလန (နိုင်)၁၀၇၃၄၅ နံပါတ်ပါ နိုင်ငံသားစိစစ်ရေးကတ် ပြား(၅)ခု၊ KBZ Bank MPU ကတ် (၁)ခု၊ AYA Bank MPU ကတ်(၁)ခု၊ YOMA Bank MPU ကတ်(၁)ခု၊ ငွေ (၂၈၀,၀၀၀)ကျပ်၊ စိန်လက်စွပ်(၁)ကွင်း၊ ရွှေဖြင့်ပြုလုပ်ထားသည့် ပီရှူးလက်ပတ်(၁)ခုတို့နှင့်အတူ စုစုပေါင်း (၉)ကြိမ် ရရှိငွေကျပ်(၃၁၆) သိန်းအား မိတ်ဆွေသူငယ်ချင်းအဖြစ် ယုံကြည်အောင် လိမ်လည်ပြောဆိုရယူခဲ့သူများအား သက်သေခံများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဖုန်းဖြင့်ဆက်သွယ်၍ အယောင် ဆောင်ပြောဆိုကာ ငွေကြေးများအကြိမ်ကြိမ် လိမ် လည်ရယူခဲ့သူ သက်ပိုင်(ခ)သက်ခိုင်(ခ)ဇော်သက်ပိုင်ပါ တရားခံ(၅)ဦးအား စမ်းချောင်းမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈/၄၇၁ /၄၁၉/၁၁၄ ဖြင့် အမှုရေးဖွင့်ကာ တရားဥပဒေ နှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။