အကျအဆုံးများပြားလာတဲ့ TNLA

နိုဝင်ဘာ ၂၃ ရက် (မနေ့)က ပြင်ဦးလွင်မြို့နယ်၊ အုမ္မသီးနဲ့ ဘန့်ဘွေးရွာကြား ကုန်းကြီးရွာတွင် အကြမ်းဖက်သမားများ ရောက်ရှိနေကြောင်း ဒေသခံများ၏ သတင်းပေးမှုကြောင့် သွားရောက်ရှင်းလင်းရာ အကြမ်းဖက် TNLA ၁၅ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပြီး ရန်သူသည် အရှေ့ဘက်သို့ ထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် TNLA အလောင်း ၂ လောင်း
(၂) Type-81 သေနတ် ၁ လက်
(၃) ကျည်အိမ် ၁ ခု၊ ကျည် ၂၁ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *