အကြမ်းဖက် PDF များ၏ မိုင်းထောင်ဖောက်ခွဲမှုသတင်းများ

-နိုဝင်ဘာ ၁၉ ရက်နေ့ ၁၁၃၀ နာရီတွင် ပုလောမြို့၊ အမှတ်(၁)ရပ်ကွက်၊ မင်းသီရိလမ်းတွင်နေထိုင်သော ဦးရွှေသောင်း(၆၉)နှစ်သည် ပလောက် မြို့၊ ပြည်ခြားကျေးရွာသို့ ဈေးရောင်းချ၍ နေအိမ်သို့ပြန်လာစဉ် ပလောက်မြို့နယ်၊ နန်းပရုပ်ကျေးရွာသို့ အရောက်၌ ခေတ္တရပ်တန့်၍ အပေါ့သွားစဉ် အကြမ်းဖက် PDF များထောင်ထားသည့် မိုင်း ၁ လုံးအား တိုက်မိ ပေါက်ကွဲခဲ့ရာ ဦးရွှေသောင်းတွင် ယာခြေကျင်းဝတ်ပေါက်ပြဲဒဏ်ရာရရှိခဲ့။

-နိုဝင်ဘာ ၁၉ ရက် ၁၂၀၀ နာရီတွင် ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ကျေးရွာရှိ တိုက်နယ်ဆေးရုံသို့ PDF အကြမ်းဖက်အဖွဲ့မှ ဒရုန်း ၁ စင်းဖြင့် Drop Bomb ၃ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ဆေးရုံဝန်းအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ဆေးရုံဝန်းအတွင်းရှိ ဆရာဝန်နေအိမ်များ အနည်းငယ်ပျက်စီးခဲ့ကြောင်း သိရှိရ။

Leave a Reply

Your email address will not be published. Required fields are marked *