နိုဝင်ဘာ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ် သထုံမြို့တွင် အကြမ်းဖက် PDF အဖွဲ့နှင့် ဆက်စပ်ဆက်နွယ်သူ ၂ ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။
သထုံမြို့ ပူးပေါင်းလုံခြုံရေးအဖွဲ့မှ ဒေသခံများ၏ သတင်းပေးချက်အရ မြို့ဝင်မြို့ထွက် ပိတ်ဆို့ရှာဖွေဖမ်းဆီးရာ ပေါ်တော်မူလမ်းဆုံတွင် ဘီးလင်းမြို့ဘက်မှ သထုံမြို့အတွင်းသို့ NCX 110 (စိမ်းရင့်ရောင်) ဆိုင်ကယ်စီနင်းလာသူ အမျိုးသား ၂ ဦးကို စစ်မေးရာ အကြမ်းဖက် PDF အဖွဲ့ ဆက်စပ်ဆက်နွယ်မှုရှိကြောင်း စစ်ဆေးတွေ့ရှိ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။