နိုင်ငံတော်ဝန်ကြီးချုပ် တရုတ်နိုင်ငံရှိ တရုတ်စီးပွားရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ယနေ့ နံနက်ပိုင်းက တရုတ်နိုင်ငံသို့ ထွက်ခွာသွားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တရုတ်နိုင်ငံသို့ ရောက်ရောက်ချင်း Hualuxe hotel ၌ တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။