ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ၃/၁၁/၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီအချိန်ထိ

(အမ်း)
ယနေ့နေ့လည်ပိုင်း ၁ နာရီခွဲခန့်က အမ်းမြို့အနောက်တောင်ဘက် မီတာ (၄၉၀၀) အကွာရှိ စရတ တပ်အား AA အကြမ်းဖက်သောင်းကျန်းသူများမှ လာရောက် တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ အမြောက်များ/ Drone များဖြင့် တိုက်ခိုက်ချေမှုန်းခြင်း၊ တပ်စစ်ကြောင်များမှ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ရာ လက်ရှိအချိန်တွင် သောင်းကျန်းသူအဖွဲ့အား ရင်ဆိုင်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်းသိရှိရသည်။

(မောင်တော)
ယနေ့နေ့လည်ပိုင်း ၁၂ နာရီအချိန်ခန့်က နခခ(၅)အား AA အကြမ်းဖက် သောင်းကျန်းသူများမှ နေရာ ၆ နေရာမှနေ၍ တပြိုင်နက် လာရောက် တိုက်ခိုက်ခဲ့သော်လည်း တပ်မတော်သားများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များမှ အပြင်းအထန်ပြန်လည် တိုက်ခိုက်ချေမှုန်းမှု၊ တိုက်လေယာဉ် (၇)စီးအပြင် လက်နက်ကြီးများဖြင့် သောင်းကျန်းသူရှိရာနေရာများအား တိုက်ခိုက်ချေမှုန်းမှု၊ အသေခံ Drone ဖြင့် ၎င်းတို့ရှိရာနေရာများအား အတင်းထိုးဖောက်တိုက်ခိုက်မှုတို့ကြောင့် ည ၇ နာရီအချိန်တွင် နှစ်တိုက်ပွဲရပ်တန့်ကာ AA အကြမ်းဖက်သောင်းကျန်းသူများ သေဆုံး/ဒဏ်ရာရများစွာဖြင့် ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှရသည်။

(တောင်ကုတ်)
တောင်ကုတ်မြို့အရှေ့ဘက် မီတာ(၃၈၀၀) အကွာ ပန်းမြောက်တောင် လမ်းခွဲနေရာအနီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့် တပ်စစ်ကြောင်းအား AA သောင်းကျန်းသူအဖွဲ့မှ ယနေ့နံနက်ပိုင်း ၉ နာရီခန့်တွင်တစ်ကြိမ်၊ နေ့လည် ၃ နာရီခွဲခန့်တွင် (၁)ကြိမ် လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တပ်မတော်စစ်ကြောင်းမှ လက်နက်ကြီးပစ်ကူများရယူလျက် ရှင်းလင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲခဏတာဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ တောင်ကုတ်တက္ကသိုလ်အနီး ၎င်းတို့မှ Drone တစ်စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်းနှင့် တပ်ဘက်မှ အထိအခိုက်တစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရှိရသည်။

AA သောင်းကျန်းသူအဖွဲ့အနေဖြင့် အမ်းမြို့တွင် တိုက်လေယာဉ်များ၊ Drone များဖြင့် အပြင်းအထန်တိုက်ခိုက်ခံရမှု၊ နယ်မြေခံတပ်မတော်သားများ၏ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တစ်လကျော်အတွင်း အောင်မြင်မှုရလဒ်နည်းပါးပြီး သေဆုံး/ဒဏ်ရာရမှုနှုန်း မြင့်မားနေခြင်း၊ ရိက္ခာဆေးဝါး ပြတ်တောက်နေခြင်းတို့ကြောင့် အောက်ခြေအဖွဲ့များ စိတ်ဓာတ်ကျဆင်းလာကာ နီးစပ်ရာ တပ်များသို့ အလံဖြူပြ အညံခံမှုများ များစွာရှိလာကြောင်းနှင့် ယနေ့တွင် အမ်းသို့ တပ်မတော်ဘက်မှ စစ်ကူစစ်ကြောင်းများ မြေပြင်မှသာမက ဝေဟင်မှပါ ထပ်မံရောက်ရှိခဲ့ပြီဖြစ်ကြောင်း သတင်းကောင်း ကြားသိရပါသည်။