နိုဝင်ဘာ ၂ ရက်နေ့ မနက်ပိုင်းအချိန်က မတ္တရာမြို့၏ အနောက်မြောက်ဘက် မီတာ ၈၀၀၀ ခန့်အကွာရှိ ထိန်ပင်ဇောက်ရွာအနီးတွင် နယ်မြေရှင်းလင်းစစ်ကြောင်းသည် ရန်သူ့ ယာယီခြေကုတ်နေရာအား တွေ့ရှိ ရှင်းလင်းရာ ထိတွေ့တိုက်ပွဲငယ် ဖြစ်ပွားခဲ့ပြီး ရန်သူ မြောက်အရပ်သို့ ဆုတ်ခွာသွားခဲ့ပြီး ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုရှိဘဲ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် TNLA အလောင်း ၁ လောင်း
(၂) M-22 သေနတ် ၁ လက်
(၃) ကျည်အိမ် ၂ ခု၊ ကျည် ၂၀၀ ခန့်
(၄) ကျည်ကာဦးထုပ် ၁ လုံး၊ အိုင်ကွန် ၁ လုံး
(၅) လက်လုပ် Fixwing ၁ စီး
(၆) သစ်လုံးဘန်ကာ ၁ ခု
(၇) ပစ်ကျင်း ၄၁ ကျင်း တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။