တောင်ခမ်းတိုက်ပွဲသတင်း

နိုဝင်ဘာ ၂ ရက်နေ့တွင် တောင်ခမ်းဒေသအတွင်း တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းလျက်ရှိရာ ထိတွေ့တိုက်ပွဲငယ် ၅ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

အလားတူ တောင်ခမ်းဒေသ ဘုရားကုန်းပတ်ဝန်းကျင်တွင် နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် TNLA အဖွဲ့ တို့ ထိတွေ့မှုဖြစ်ပြီး မိမိဘက် ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ –
(၁) TNLA အလောင်း ၁ လောင်း
(၂) M-22 သေနတ် ၁ လက်
(၃) ကျည်အိမ် ၁ ခု၊ ကျည် ၇၅ တောင့်
(၄) အီကွေ့မန့် ၁ စုံ တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရ။

လက်ရှိအချိန်တွင်လည်း တောင်ခမ်းဒေသတဝိုက်အား ရန်သူအား ရှာဖွေချေမှုန်းလျက်ရှိပါကြောင်း သိရှိရပါတယ်။