အမ်းကျပြီဆိုတဲ့ သတင်းမှားတွေရဲ့ ဇစ်မြစ်ကိုလိုက်ရှာကြည့်တာ AA နဲ့နီးစပ်တဲ့သူတွေနဲ့ စစ်ပြေးတွေက ပြောတာတဲ့ .. သူတို့ကတော့ ဖြစ်စေချင်တာပြောမှာပဲ မဟုတ်ဘူးလား .. ဖြစ်စေချင်လို့လည်း ကျပြီဆိုပြီး တောက်လျှောက်တင်နေကြတာ။
လူတစ်ယောက်ရဲ့အတွင်းစိတ်ဘယ်လိုရှိတယ်ဆိုတာ သူတို့ရေးတဲ့စာတွေများများဖတ် သူတို့ပြောတာတွေ များများနားထောင်ရင် တစ်ချိန်ကျပေါ်လာတာပါပဲ။
တောင်ခမ်း၊ နခခ ၅၊ အမ်း ကျပြီလိုအကြိမ်ကြိမ်ပြောခဲ့တာလည်း အဲ့ဒီသူတွေပဲ။ သတင်းတင်တာလား သူတို့ဖြစ်စေချင်တာရေးနေတာလား။ သူတို့ကဘယ်လိုလူတန်းစားတွေလဲ၊ သူတို့တင်တဲ့သတင်းတွေက ယုံကြည်ရမှု ဘယ်လောက်ရာခိုင်နှုန်းရှိလဲဆိုတာ ကိုယ်ပိုင်စဉ်းစားဆုံးဖြတ်နိုင်ကြမှာပါ။