တပ်မတော်အနေဖြင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာများ အထောက်အကူပြုနိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်
ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးကွန်ဖရင့် (၂၀၂၄ ခုနှစ်) “Conference on Science and Technology Development – 2024” ကို အောက်တိုဘာ ၂၄ ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး ပိတ်ပွဲအခမ်းအနားကို အောက် ၂၅ ညနေ ၄ နာရီတွင် ပြင်ဦးလွင်တပ်နယ် စစ်တက္ကသိုလ် အဆင့်မြင့်စာပေပညာဗဟိုဌာန ငါးထပ်စာသင်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါကွန့်ဖရင်တွင် ပြည်တွင်းပြည်ပ ပညာရှင်များ၊ လာရောက်လေ့လာ/စာတမ်းဖတ်ကြားသူများနှင့် သင်တန်းသားများတက်ရောက် ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။