ချင်းပြည်၊ ထန်တလန်တိုက်ပွဲတွင် ချင်းလက်နက်ကိုင်တပ်ဖွဲ့ (Chin National Defense Force- CNDF) က သိမ်းထားသော စခန်းအများအပြားကို အောက်တိုဘာ ၂၇ ရက်တွင် လက်လွှတ်ခဲ့ရကြောင်း ချင်းပြည်နယ်ဒေသတွင်း သတင်းများအရ သိရသည်။
တပ်မတော်ဘက်က အင်အားအလုံးအရင်းဖြင့် CNDF သိမ်းထားသော တပ်စခန်းများကို ပြန်လည်ရရှိနိုင်ရန် ထိုးစစ်ဆင်လာခဲ့သောကြောင့် အကြမ်းဖက်လက်နက်ကိုင်များအနေဖြင့် အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးနေရပြီး ၎င်းတို့၏ စခန်းများကိုလည်း လက်လွှတ်ခဲ့ရကြောင်း သိရသည်။
အချို့သော ချင်းလက်နက်ကိုင်များအနေဖြင့် တပ်မတော်ရဲ့ ပြင်းထန်သောထိုးစစ်များကြောင့် စိတ်ဓာတ်ကျဆင်းလာကြသလို ထွက်ပြေးတိမ်းရှောင်နေသူများလည်း များပြားလာနေကြောင်းလည်း သိရသည်။