အောက်တိုဘာလ(၂၅)ရက် (၀၁း၂၅) အချိန်၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ အကွက်(၉)(၁၇-၆၃× ၆၄) လမ်းကြားရှိ ငွေကောင်းလ္ဘက်ရည်ဆိုင်တွင် ဓားခုတ်မှုဖြစ်ပွားကြောင်း သိရှိရ။
လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ဆိုင်အလုပ်သမားဖြစ်သူ ရဲပိုင်ရွှေ (ခ)ကိုရဲသည် ဆိုင်တွင်အတူတူ လုပ်ကိုင်သူ မျိုးထက်အောင် အား ဗျတ်(၄)လက်မ အရိုး/အသွား၊အရှည်(၁)ပေ ခန့်ရှိ စားဖိုမှူးသုံးဓါးဖြင့် ခုတ်ရာ လည်ပင်းတွင်ပြတ်ရှဒဏ်ရာဖြင့် သေဆုံးပြီး အနီးတွင်အိပ်နေသည့် ပြည့်စုံအောင် (ဆိုင်အလုပ်သမားဖြစ်သူ)အား ထပ်မံခုတ်ရာ လည်ပင်းနှင့်ရင်ဘတ်တို့တွင် ဒဏ်ရာရရှိခဲ့ပြီး ၎င်းမှအော်ဟစ်အကူအညီတောင်းခံခဲ့။
အသံကြား၍ အောက်ထပ်အခန်းတွင် အိပ်နေသည့် ဆိုင်ရှင်ဦးခိုင်ဇော်ဦး နှင့်ဇနီးဖြစ်သူ ဒေါ်မန်းဆုံတို့သည် အခန်းထဲမှ ထွက်လာစဉ် ၎င်းတို့အားထပ်မံခုတ်ရာ ဒေါ်မန်းဆုံမှာ လည် ပင်းတွင်ပြတ်ရှဒဏ်ရာဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ပြီး ဦးခိုင်ဇော်ဦးမှာ ပခုံးတွင်ပြတ်ရှဒဏ်ရာ (၁)ချက်၊ ဝဲ/လက်မောင်းတွင် ပြတ်ရှဒဏ်ရာ(၁)ချက်၊ နှာခေါင်းတွင်ပြတ်ရှဒဏ်ရာ(၁)ချက် ရရှိခဲ့။
ဆက်လက်၍ အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်အလုပ်သမားဖြစ်သူ ဝေထူးအောင် အားမေးမြန်းရာ ၎င်းသည် အပေါ်ထပ်တွင်အိပ်နေစဉ် အောက်ထပ်က အော်ဟစ်ဆူညံသံကြားသဖြင့် အောက်သို့ဆင်းလာစဉ် ဆိုင်အလုပ် သမားဖြစ်သူ ရဲပိုင်ရွှေ(ခ)ကိုရဲ မှ အထက်ပါအတိုင်း ဓါးဖြင့်ခုတ်နေသည်ကိုတွေ့ရှိရသဖြင့် ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းခံခဲ့။ ရဲပိုင်ရွှေ(ခ)ကိုရဲ သည် ဓါးကိုထားခဲ့၍ထွက်ပြေးသွားခဲ့ကြောင်း။
မှုခင်းဖြစ်ပွားရခြင်းအကြောင်းအရင်းနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းရာ သေဆုံးသူ မျိုးထက်အောင်နှင့် ရဲပိုင်ရွှေ (ခ)ကိုရဲ တို့မှာ သမီးရည်းစားကိစ္စနှင့်ပတ်သက်၍ ယခင်နေ့များတွင် အချင်းများမှုများရှိခဲ့ကြောင်း သိရ။
လူသတ်တရားခံ ရဲပိုင်ရွှေ အား ဘူတာကြီးအနီးရှိ တည်းခိုခန်းတစ်ခုတွင် အချိန်မီ ဖမ်းဆီးနိုင်ခဲ့။



