တရုတ်ကောင်စစ်ဝန်ရုံးကို PDF များမှ လက်ပစ်ဗုံးဖြင့်ပစ်ခတ်

အောက်တိုဘာ ၁၈ ရက် (မနေ့)က ညနေပိုင်းက မန္တလေးမြို့၊ သိပ္ပံလမ်းနဲ့ ငုဝါလမ်းကြားရှိ တရုတ်ကောင်စစ်ဝန်ရုံး အတွင်းသို့ PDF များက ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ ပေါက်ကွဲမှုကြောင့် နှစ်ထပ်ဆောင် ခေါင်မိုးပေါက်ပြဲသွားပြီး လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

NUG အဖွဲ့က စစ်ကောင်စီနဲ့ လက်တွဲလုပ်ဆောင်နေတဲ့ နိုင်ငံခြားသံရုံးတွေကို တိုက်ခိုက်မယ်လို့ သတင်းထွက်ပေါ်ပြီး မကြာမီ ဖြစ်လာတဲ့ ပထမဆုံး အကြမ်းဖက်မှုပဲဖြစ်ပါတယ်။