မောင်တောတိုက်ပွဲသတင်းဆက်

အောက်တိုဘာ ၁၅ ရက် မနက်စောစောပိုင်းက ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ နခခ(၅) ဌာနချုပ်အား အကြမ်းဖက် AA သူပုန် ၄၀၀ ဦးခန့်က ဒုတိယအကြိမ် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။ လုံခြုံရေး တပ်ဖွဲ့များ၏ ရဲဝံ့စွန့်စားမှု၊ လေကြောင်း/အမြောက်ပစ်ကူ ထိရောက်မှုတို့ကြောင့် ရန်သူပြန်လည် ထွက်ပြေးသွား ခဲ့ပါတယ်။ ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးပြီး ၅ ဦးဒဏ်ရာရကာ ရန်သူ့ဘက်မှ –
(၁) အကြမ်းဖက် AA အလောင်း ၃ လောင်း
(၂) သေနတ်မျိုးစုံ ၅ လက်

  • BA-63 သေနတ် ၂ လက်
  • BA-64 သေနတ် ၁ လက်
  • M-22 သေနတ် ၁ လက်
  • Type-81 သေနတ် ၁ လက်
    (၃) ကျည်မျိုးစုံ ၂၀၀ ကျော်
    (၄) ကျည်ခါးပတ်တွဲ ၂ ခု
    (၅) ကျည်အိမ်နှင့် ကျည်ကာဦးထုပ်များ သိမ်းဆည်းရရှိခဲ့ပါတယ်။

အောက် ၁၄ ရက်တုန်းကလည်း နခခ(၅)ကို လာရောက်တိုက်ခိုက်လို့ AA အနေနဲ့ ၉ လောင်း ၁၈ လက် ကျန်ရစ်ခဲ့ပြီး ယခုဒုတိယအကြိမ်နဲ့ဆို ၁၁ လောင်း ၂၃ လက် သိမ်းဆည်းရရှိခဲ့ပါတယ်။

မြေပြင်တွင် နယ်မြေရှင်းလင်းနေဆဲ ဖြစ်ပါတယ်။ အကြမ်းဖက် AA သူပုန်များအနေနဲ့ အလောင်းကောက်အဖွဲ့ဖြင့် အလောင်းများ ဆွဲပြေးနေသောကြောင့် ယခုထက် ထိခိုက်သေဆုံးမှု အများအပြားရှိကြောင်း သိရှိရပါတယ်။

နခခ(၅)ကိုလည်း အခွင့်သာလျှင် လာရောက် တိုက်ခိုက်နိုင်တာကြောင့် ဝန်းကျင်ကို ပိုက်စိပ်တိုက်ရှင်းလင်းနေ တယ်လို့လည်း သိရှိရပါတယ်။

တိုက်ပွဲသတင်းစုံ