ကံစမ်းမဲပေါက်တယ်၊ ဘာပေါက်တယ်၊ ညာပေါက်တယ်ဆိုပြီး ကျားဖြန့်လုပ်နေတဲ့ လူလိမ်တွေရှိတယ်။ နည်းပညာပိုင်းနဲ့ အလှမ်းဝေးတဲ့ သက်ကြီးပိုင်းတွေအတွက် သတိထားပါ။ သူတို့ပြောတဲ့အတိုင်း လိုက်လုပ်လိုက်ရင် ကိုယ့်အကောင့်ထဲက ငွေတွေ ပလုံ(စွပ်)ပဲ။ လူလိမ်က မိန်းမအသံရော ယောက်ျားအသံရော သုံးပြီး လိမ်ပါတယ်။
သိရှိထားရမှာက ဒီခေတ်ကြီးထဲမှာ ဘယ်သူမှ ကိုယ့်ကို ငွေတွေအများကြီး အလကား လာမပေးဘူးဆိုတာကို သတိလေးနဲ့ယှဉ်ပြီး တွေးမှတ်ထားကြပါ။
ဆက်သွယ်ရေးကတာဝန်ရှိသူများကိုလည်း သိစေချင်တာက ဒီဖုန်းနံပါတ်နဲ့ KBZ ကဆိုပြီးလိုက်လိမ်နေတာ… လုပ်ငန်းစစ်ဆေးရေးဌာနကဆိုပြီး ပတ်လိမ်နေတဲ့ လူလိမ်ဖုန်းနံပါတ်ပါ
👇👇👇👇👇
၀၉-၂၆၁၅၈၈၆၇၂ (အခြားဖုန်းများဖြင့်လည်း လိမ်နေ) ထိထိရောက်ရောက် အရေးယူဖို့လိုပါတယ်။