အင်းလေးဒေသရှိ ကျေးရွာပေါင်း၁၇၀ကျော်ရေနစ်မြှုပ်နေဆဲဖြစ်ပြီး စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေဆဲ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ စက်တင်ဘာလ ၉ ရက်နေ့မှစတင်ပြီး ဒီကနေ့ စက်တင်ဘာလ ၂၈ရက်အထိ ကျေးရွာပေါင်း၁၇၀ကျော်ဟာ ရေနစ်မြုပ်နေဆဲဖြစ်ပြီး သောက်ရေနဲ့ စားနပ်ရိက္ခာအရေးပေါ် လိုအပ်နေတယ်လို့ အင်းလေးဒေသမှ ရေဘေးကူညီကယ်ဆယ်ရေး လုပျဆောငျနသေူတှေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့မှစတင်ပြီး အင်းလေးကန်အတွင်းသို့ ရေများ တဖြည်းဖြည်းတိုးဝင်လာပြီး ရေမျက်နှာပြင် မြင့်တက်လာခဲ့ရာကနေ စက်တင်ဘာလ ၁၅ရက်မှာတော့ အင်းလေးကန်အတွင်းရှိ တစ်ထပ်အိမ်မှန်သမျှ အားလုံး အကုန်နစ်မြုပ်သွားသလို နှစ်ထပ်ခြေတံရှည်အိမ်တွေဟာလည်း အိမ်ရဲ့အောက်ထပ်တွေ နစ်မြုပ်သွားကြပြီဖြစ်တယ်လို့ ဆိုပါတယ်။

vom