ရေကြီးမှုအတွင်း ပြည်သူ ၃၀၀၀ ကျော် ကယ်ဆယ်နိုင်ခဲ့ပြီး အသက်ဆုံးရှုံးသူ (၁၉)ဦး အထိရှိလာ

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ကျေးရွာများမှ ရေဘေးသင့်ပြည်သူ (၃၆၀၀) ကျော် ကယ်ဆယ်နိုင်ခဲ့ပြီး အသက်ဆုံးရှုးသူ (၁၉)ဦး အထိ ရှာဖွေတွေ့ရှိထားကြောင်း နေပြည်တော် မီးသတ်ဦးစီးဌာနမှ သိရသည်။

နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျဉ်းမနားမြိုနယ်၊ တပ်ကုန်းမြိုနယ်၊ ဇေယျာသီရိမြိုနယ်နှင့် ပုဗ္ဗသီရိမြိုနယ် ရေများဝင်ရောက်လျက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

နေပြည်တော် မီးသတ်ဦးစီးဌာန ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ (၁၂) ရက်က တပ်ကုန်းနှင့် မကျီးပင်မှ (၁၅၀)ဦး၊ ရွာသစ်ကျေးရွာနှင့် အနော်ရထာရပ်ကွက်မှ (၁၂၉)ဦး၊ နေရောင်ပြအင်း၊ ဘဲကုန်းရွာ၊ ပုဗ္ဗနှင့် ဝက်အင်းရွာမှ (၁၂)ဦး၊ အေးမြင့်သာယာ၊ စက်ကုန်းရွာ၊ တန်ပိုစုရွာ၊ ချောင်းစောက်ရွာနှင့် ပေါက်တောရွာတိုမှ (၇၀၅)ဦး ကယ်ဆယ်နိုင်ခဲ့သည်။