မြတ်စွာဘုရားက ” သူများစိတ် မသိလျှင် နေပါစေ
ကိုယ့်စိတ်ကို သိအောင် ကြိုးစားပါ” တဲ့။
သူများစိတ်သိဖို့ဆိုတာ လွယ်တာမဟုတ်ဘူးလေ။ များသောအားဖြင့် လူတွေက သူများအကြောင်း သိဖို့ ကြိုးစားကြတာ များတယ်။ ကိုယ့်အကြောင်းတော့ ကိုယ်သိတယ် ထင်တာကိုး။
အဲဒီတော့ ကိုယ့်အကြောင်းကိုယ် သိအောင် ကြိုးစားပါ။ အထူးသဖြင့် ကိုယ့်စိတ်ကလေးကို ကိုယ်သိအောင် ကြိုးစားပါတဲ့။
သိအောင် ကြိုးစားပါဆိုတော့ ဘာတွေ သိအောင် ကြိုးစားရမှာလဲဆိုလျှင် ငါ့စိတ်ထဲမှာ တွယ်တာတဲ့၊ မက်မောတဲ့ တဏှာလောဘတွေ ဘယ်လောက်အထိ ရှိသလဲ။ ဒေါသဆိုတဲ့ စိတ်ဆိုး စိတ်မိုက်တွေ ငါ့သန္တန်မှာ ဘယ်လောက်အထိ ရှိနေသလဲ။ ငါ့စိတ်ကလေးဟာ တည်ငြိမ်မှုကော ရှိရဲ့လား။ ကုသိုလ်ကောင်းမှု အပေါ်မှာ တွန့်ဆုတ်မှုတွေ ရှိသလား။ တရားဓမ္မနှင့်ပတ်သက်ပြီး သံသယတွေ ရှိသလား။ မရှိဘူးလား။ ဆိုတာ ကိုယ့်ကိုကိုယ် အစဉ်ထာ၀ရ စစ်ဆေးပြီး ကြည့်ရမယ်တဲ့။
စိတ်ရဲ့ အညစ်အကြေးတွေ ကိုယ့်သန္တာန်မှာ ရှိနေတာ တွေ့ရလျှင် ဒီအညစ်အကြေးတွေကို ဖယ်ရှားပြစ်ဖို့က အဓိကပဲ။
အဲဒီ ဖယ်ရှားပြစ်တဲ့ နည်းလမ်းမှာလည်းပဲ နည်းလမ်းမှန်နှင့် ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်လျှင် ထိုအညစ်အကြေးတွေ လျော့သထက် လျော့၊ ပျောက်သထက် ပျောက်သွားလျှင်၊ ဒါ မှန်ကန်တဲ့ တရားလို မှတ်ပါတဲ့။
အဲဒီလို မဟုတ်ဘူး မှားယွင်းတဲ့ တရားဖြစ်လို ဒီ “စံ” နှုန်းနှင့် မကိုက်ညီဘူးဆိုလျှင် ဘုရားဟော တရား မဟုတ်ဘူးလို့ မှတ်ပါတဲ့။
🙏🙏🙏
(ပါမောက္ခချုပ်ဆရာတော်ကြီး)