ခရီးသည်ယာဥ်ကို KNU နဲ့ PDF တွေ မိုင်းခွဲတိုက်ခိုက်လို နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

KNU နဲ့ PDF တွေ ကြီးစိုးထားပြီး ည ၈ နာရီကျော်လို ကားသံကြားရင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားလေ့ရှိတဲ့ သထုံမြိုနယ်၊ ကမာဆိုင်ရွာအနီးမှာ ဒရိုင်ဘညအပါအဝင် လူ ၁၃ ခန့် လိုက်ပါလာတဲ့ ခရီးသည်ယာဥ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး အမျိုးသားနှစ်ဦးသေဆုံးကာ အမျိုးသမီးငါးဦး ဒဏ်ရာရရှိခဲ့တယ်လို သိရပါတယ်။

ဖြစ်စဥ်က မွန်ပြည်နယ်၊ သထုံမြိုနယ်၊ ကမာဆိုင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမိုင်တိုင်အမှတ် ၁၃၃ မိုင် ၆ ဖာလုံနဲ့ ၇ ဖာလုံကြားမှာ စက်တင်ဘာ ၁ ရက် ည ၉ နာရီခွဲအချိန် KNU နဲ့ PDF ပူးပေါင်းအဖွဲက သထုံမြိုကနေ ဘီးလင်းမြိုဆီ ထွက်ခွာလာတဲ့ BGO-11 3Q- —- TOYOTA HIACE ခရီးသည်တင်ယာဉ်ကို မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။ ဒီလို မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်မှာ မောင်းနှင် လိုက်ပါလာတဲ့ အသက် ၃၇ နှစ်အရွယ် ဦးဖြိုးဝေကျော်ဆိုသူနဲ့ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြိုနယ်၊ မင်းကျေးရွာနေ အသက် ၃၁ နှစ်အရွယ် ဦးကျော်မျိုးသူတို မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများစွာရရှိကာ သေဆုံးခဲ့တာပါ။ ဒါ့အပြင် သနပ်ပင်မြိုနယ်၊ ကျွန်းကြီးကျေးရွာနေ ဒေါ်ခင်သန်းဝင်း (၆၀) နှစ်နဲ့ တစ်ရွာတည်းနေ မဖြူစင်မင်း (၂၉) နှစ်၊ မင်းကျေးရွာနေ မရင်ရင်နွယ် (၃၁) နှစ်၊ ဖရဲကျေးရွာနေ ဒေါ်ချိုမာ (၅၂) နှစ်၊ ကျူချောင်းကျေးရွာနေ မဝင်းဝင်းထွေး (၃၃) နှစ်တိုလည်း မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာ ရရှိခဲ့လို သေဆုံး၊ ဒဏ်ရာရရှိသူတွေကို သထုံ ဆေးရုံဆီပိုဆောင်ထားရှိခဲ့တယ်လို သိရပါတယ်။

ဒီကမာဆိုင်ရွာနားမှာပဲ ပြီးခဲ့တဲ့ ၂၀၂၃ ဖေဖော်ဝါရီ ၂၀ ရက်မှာ ကုန်တင် Hilux ယာဥ်ကို KNU နဲ့ PDF တွေ တိုက်ခိုက်လို ယာဥ်မောင်း မင်းထွန်းဆိုသူ သေဆုံးပြီး ယာဥ်ပျက်စီးခဲ့ရတဲ့ ဖြစ်စဥ်နဲ့ ဒီနှစ် မတ်လ ၂၇ ရက်ညမှာလည်း ရန်ကုန်မြိုဆီ လူနာပိုဖို သထုံကနေ ထွက်ခွာလာတဲ့ အကြင်နာတွဲလက် လူမှုကူညီရေးယာဥ်ကို PDF တွေက ညအချိန် ထွက်မှုနဲ့ မိုင်းခွဲတိုက်ခိုက် ပစ်ခတ်လို ယာဥ်မောင်းနဲ့ လူနာ ဒဏ်ရာရမှုလည်းဖြစ်ပွားခဲ့ပါသေးတယ်။