ဘန်ကောက်မြို၏ အသစ်အဆင့်မြှင့်တင်ထားသော Rapid Transit (BRT) စနစ်၏ လျှပ်စစ်ဘတ်စ်ကားအသစ်များတွင် ခရီးသည်များသည် ၂ လ တိုင်တိုင် အခမဲ့စီးနင်းနိုင်သည်ဟု ၎င်းလျှပ်စစ်ဘတ်စ်ကားများ ပြေးဆွဲသည့် ကုမ္ပဏီ Bangkok Mass Transit System Plc (BTSC) မှ ပြောကြားသည်။
အဆိုပါလျှပ်စစ်ဘတ်စ်ကားများသည် (၁၄) နှစ်ကျော်ကြာ အသုံးပြုခဲ့သည့် သဘာဝဓာတ်ငွေ့သုံးယာဉ်(NGV) ဘတ်စ်ကားဟောင်းများကို အစားထိုးခြင်းဖြစ်သည်။ နေ့စဉ် နံနက် ၆ နာရီမှ ည ၁၀ နာရီအထိ ပြေးဆွဲပေးသည်။
မစွမ်းမသန်သဖြင့် ဘီးတပ်ကုလားထိုင်ဖြင့် သွားလာရသူများ အတက်အဆင်း အဆင်ပြေအောင် စီစဉ်ပေးထားသည်။
လျှပ်စစ်ဘတ်စ်ကားတိုင်းတွင် GPS စနစ်ပါသည်။ လုံခြုံရေးကင်မရာ ၅ လုံးတပ်ဆင်ထားသည်။
ဘတ်စ်ကားခ မသတ်မှတ်ရသေးသော်လည်း ပုံသေ ၁၅ ဘတ် ဖြစ်မည်ဟု ခန့်မှန်းထားသည်။
Source_Bangkokpost