တစ်နေ့ကတော့ ကချင်မလေး မိုင်းမိုင်ဆိုင်းရဲ့ ဗုဒ္ဓဘာသာအပေါ် စော်ကားပုတ်ခတ်ထားတဲ့ ဓာတ်ပုံတွေကြောင့် လူမှုကွန်ရက်ပေါ်မှာ တော်တော်လေး ဂယက်ရိုက်ခတ်ခဲ့တာတွေ့ရတယ်။ ချီးကျူးစရာကောင်း တာက ဘာသာ သာသနာနဲ့ပတ်သက်လာရင် စော်ကားတာကို လက်မခံကြောင်း အနီရော အစိမ်းပါ ညီညီ ညွတ်ညွတ်တုံ့ပြန်နိုင်ခဲ့ကြလို့ ကာယကံရှင်လည်း ရှက်ပြီးတော့ လိုင်းပေါ်ကနေ ပြန်ဖျောက်သွားခဲ့ရတယ်။
ဒီကာလမှာ မြန်မာတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ညီညွတ်မှုကို ပထမဆုံး ပြန်တွေ့လိုက်ရတာမို့ ဝမ်းသာစရာ ပါ။ ရှေ့လျှောက် ဒီထက်ညီညွတ်ကြဖို့ လိုပါတယ် ။ ညီညွတ်မှုနဲ့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို ကာကွယ်စောင့်ရှောက်သွားကြဖို့ လိုပါတယ်။
တကယ်တော့ ၁၀၂၇ စစ်ဆင်ရေးအပါအဝင် တိုင်းပြည်အနှံ့မှာ ဖြစ်နေတဲ့ စစ်ပွဲတွေဟာ သာမာန် စစ်ရေး နိုင်ငံရေး အရ ထိုးနှက်မှုတွေထက်ပိုတာကို သတိပြုမိလာတယ် ။ စစ်မက်ကျူးကျော်မှုရဲ့ နောက်ကွယ်မှာ မြန်မာတွေ အများဆုံးကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာ အင်စတီကျူးရှင်းကိုပါ ကျူးကျော် ရန်စလာမှုတွေကို ပါ တွေ့မြင်နေရပါပြီ။
အထူးသဖြင့် အညာမှာ ရဟန်းသံဃာ အပါး ၁၀၀ ကျော် အသတ်ခံရမှု ၊ ကိုးကန့်MNDAA က စေတီကို တူနဲ့ထုရိုက်ပြီး လိုင်းပေါ်တင်ခဲ့မှုနဲ့ တနေ့က ကချင်မှာ KIA အဖွဲ့ဝင် ကချင်တိုင်းရင်းသူတစ် ဦးရဲ့ ဗုဒ္ဓဘာသာကို စော်ကားနှောင့်ယှက်မှုတွေဟာ စစ်မက်ကျူးကျော်မှုရဲ့ နောက်ဆက်တွဲ သွေးထိုးစမ်းစော်ကား မှုပါပဲ။
ဒါကို ငြိမ်ခံနေရင်တော့ ဒီထက်ပိုဆိုး လာပါလိမ့်မယ် ။
ဘာသာခြားတွေ ဘာသာမဲ့တွေရဲ့ ယူဆချက်က ဗုဒ္ဓဘာသာ ဗမာ PDF တွေတောင် အသက်တွေပေးပြီး ငါတို့ဘက်ကနေ တိုက်ပေးနေတာ၊ ငါတို့ နယ်မြေတွေ ရအောင် သူတို့ ဒီလောက် စွန့်လွှတ်အနစ်နာခံပေးနေပုံ ထောက်ရင် ငါတို့ က သူတို့ဘာသာကို စော်ကားလည်း ဘာခံစားချက်မှ ရှိပုံရမှာ မဟုတ်ဘူး ။ သူတို့ ဘာမှ မပြောလောက်ဘူးဆိုတဲ့ ယူဆချက်နဲ့သွေးထိုးစမ်းခဲ့ကြတာပဲ ဖြစ်ပါတယ်။
ဒီလို သွေးထိုးစမ်းရင်း စမ်းရင်း၊ စစ်မက်ကျူးကျော်ရင်း ကျူးကျော်ရင်းနဲ့ နောက်ဆုံးတော့ ဗမာလည်းပျောက် ဗုဒ္ဓဘာသာလည်း ပျောက်ဆိုတဲ့ ရည်မှန်းချက် အကြီးကြီး ထားထားပုံရပါတယ်။ တိုင်းပြည် လူဦးရေ ရဲ့ ၈၈% ရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကို အခုလို စော်ကားနေခြင်းရဲ့ နောက်ကွယ်မှာလည်း လက်မဲကြီးတွေ ရှိနေနိုင်ပါတယ်။
ဒါကြောင့် ဗမာတွေကို ပြောချင်တာက စစ်မက်ကျူးကျော်မှုရဲ့ နောက်ကွယ်မှာ လူမျိုးရေး ဘာသာရေးအရပါ ကျူးကျော်နယ်ချဲ့နေကြပြီ ဆိုတာကို တော့ သိရှိနားလည် ကြဖို့လိုတယ်။ အသိရှိရှိ သတိရှိရှိနဲ့ ကာကွယ် သွားကြဖို့ လိုတယ်။
ဒီအချိန် မှာ ဗမာနီ ဗမာစိမ်း ရယ်လို့ကွဲနေလို့ အကျိုးမထူးတော့ဘူး။ ဗမာနီရော ဗမာစိမ်းပါ ညီညွတ်ကြဖို့ စည်းလုံးကြဖို့ အရေးတကြီးလိုအပ်နေချိန်ဖြစ်ပါတယ်။
ဗမာတွေရဲ့ စည်းလုံးညီညွတ်မှုကသာ နိုင်ငံရေး စစ်ရေး ဘာသာရေးအရ စစ်မက်ကျူးကျော်စော်ကားလာသူ တွေကို ကာကွယ်တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ် ။
အောင်နိုင်သူ ( ဇွဲကပင် )