🌷”မ မေ့ နဲ့”🌷
အသက်ကြီးလာရင်
မျက်စိကမကောင်း၊နားကမကောင်း
အသည်း ၊နှလုံး၊ ကျောက်ကပ် က
မကောင်းနဲ့
နောက်ဆုံး…
ကောင်းတာဘာမှမကျန်တော့ဘူး
ဆိုရင်
သွားရတော့တာပဲ…။
ဒါကြောင့် နောက်ဆုံး
ဘာမှ မကောင်းတော့ဘူးဆိုရင်
စိတ်ကလေးတော့
ကောင်းအောင်ကြိုးစား…။
နောက် အသက်ကြီးလာရင်
ဟိုဟာနဲ့မတည့် ဒီဟာနဲ့မတည့်
ဖြစ်လာပြီး
နောက်ဆုံး…
ဘာနဲ့မှမတည့်တော့ဘူးဆိုရင်
သွားရတော့တာပဲ…။
ဒါကြောင့် နောက်ဆုံး
ဘာနဲ့မှ မတည့်တော့ဘူးဆိုရင်
တရားဓမ္မနဲ့တော့ တည့်အောင်နေ…။
နောက် အသက်ကြီးလာရင်
သွားစရာဘောင်ကျဉ်းလာတယ်၊
နောက်ဆုံး…
ဘယ်မှမသွားနိုင်တော့ဘူးဆိုရင်
သွားရတော့တာပဲ…။
ဒါကြောင့် နောက်ဆုံး
ဘယ်မှ မသွားနိုင်တော့ဘူးဆိုရင်
စိတ်ကလေးက အကောင်းဘက်
သွားနိုင်အောင် ကြိုးစား…။
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ