ဂါဇာကမ်းမြှောင်ဒေသမှာ ကလေးငယ်တွေကို ပိုလီယိုကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုအရ တိုက်ပွဲတွေကို ယာယီရပ်ပေးမယ်လို့ အစ္စရေးက သဘောတူခဲ့တယ်လို့သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ ဂါဇာကမ်းမြှောင်ဒေသရှိ ကလေးငယ်ပေါင်း ခြောက်သိန်းလေးသောင်းကျော်ကို ကာကွယ်ဆေးထိုးဖို စီစဉ်နေပြီး လာမယ့် တနင်္ဂနွေနေ့မှာ စတင်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲတာဝန်ရှိသူ တစ်ယောက်ကပြောဆိုခဲ့ကြောင်းသိရ။ #Crd
