ဘင်္ဂါလီတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတဲ့ AA အကြမ်းဖက်အဖွဲရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်အရေးယူပေးဖို လူ့အခွင့်အရေးစောင့်ကြည့်နေတဲ့ Fortify Rights အဖွဲက ဩဂုတ်လ ၂၇ ရက်နေ့မှာ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို တောင်းဆိုလိုက်တယ်လို သိရပါတယ်…
လူ့အခွင့်အရေးစောင့်ကြည့်နေတဲ့အဖွဲအစည်းတွေအနေနဲ့ ဘင်္ဂါလီတွေကို လူမျိုးတုံးသတ်ဖြတ်နေတာ၊ ညှဉ်းပန်းနှိပ်စက်နေတာ၊ မုဒိမ်းကျင့်နေတာဟာ AA အဖွဲဖြစ်ကြောင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဘင်္ဂါလီတွေရဲ့ ဝန်ခံထားချက်တွေ၊ နိုင်ငံတကာအဖွဲအစည်းတွေရဲ့ ရှာဖွေတွေ့ရှိချက်တွေကို စုပေါင်းပြီး AA အဖွဲကို အရေးယူပေးဖို တောင်းဆိုနေကြတာဖြစ်ပါတယ်…AA အဖွဲရဲ့ လူမျိုးရေးခွဲခြားပြီး ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကို အပြစ်ပေးအရေးယူနိုင်မှသာ ဘင်္ဂါလီတွေအတွက် တရားမျှတမှုရမှာဖြစ်လို ICC အနေနဲ့ ဘယ်လိုအရေးယူဆောင်ရွက်ပေးမှာလဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာပဲ…