ဆိုရှယ်မှာ လူကြိုက်များလာတဲ့ တယ်လီဂရမ် ကို တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ပါဗယ်ဒူးရော့ဗ်အား ပြီးခဲ့တဲ့ သီတင်းပတ်တွင် ဖမ်းဆီးမှုမှာ အစိုးရ၏ နိုင်ငံရေးဆုံးဖြတ်ချက် မဟုတ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ပြောကြားခဲ့ပါတယ်။
ရာဇဝတ်မှုနှင့်မကင်းသည့်အကြောင်းအရာများတွင် တယ်လီဂရမ်အား အသုံးပြုနေခြင်းကို မစ္စတာ ဒူးရော့ဗ် က တားဆီးရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲမှုများက ဖော်ပြထားပါတယ်။
မစ္စတာ ဒူးရော့ဗ်ဘက် က ဖုံးကွယ်ထားစရာ ဘာမှမရှိကြောင်းနှင့် မိမိတိုကုမ္ပဏီ က ဥရောပ ဥပဒေကို အပြည့်အဝလိုက်နာနေတယ်လို တယ်လီဂရမ်တာဝန်ရှိသူများကတုန့်ပြန် ပြောကြားပါတယ်။
လက်ရှိတွင်ကမ္ဘာတစ်ဝန်း တယ်လီဂရမ် သုံးစွဲသူ တစ်ဘီလီယံနီးပါးရှိနေပြီ ဖြစ်ပါတယ်။