🔘တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင်ခိုင်မာစွာဖြင့် ဆက် လက် ရပ်တည်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် နိုင်ငံအားမူလအခြေ အနေအတိုင်းပြန် လည် ရောက်ရှိရန်အတွက် လုပ်ဆောင်သင့် သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဌ က ပြောသည်။
🔘 သြဂုတ်လ ၂၅ ရက်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများအား မန္တလေးမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြော ကြားစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
🔘ထိုသို့ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတော်နှင့်လူမျိုးအပေါ် အမှန်တကယ်နားလည်သူများရှိပြီး ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများရှိရန်လိုကြောင်း၊ ထို့ကြောင့်ပြည်သူ့လုံခြုံရေးနှင့်ပတ်သက်၍ ပြည်သူပါသည့် လုံခြုံ ရေးစနစ်ကိုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူ့လုံခြုံရေး စနစ်တွင်ပြည်သူများပါဝင်ပါက တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုများ ကောင်းမွန်လာပြီး မိမိတို့နိုင်ငံ၏ ရည်မှန်းချက်ဖြစ်သည့် စစ်မှန်၍ စည်း ကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ယင်း က ပြောကြားခဲ့သည်။
🔘နစကဥက္ကဌကမန္တလေးတိုင်း ဒေသကြီး၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးသည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မိမိတို့ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ကြိုးပမ်းဆောင်ရွက် လျက်ရှိကြကြောင်းလည်း ပြောကြားခဲ့သည်။